အိုး... သီချင်းသည်လေးရေ
မင်းနှလုံးသားက ထွက်ပေါ်လာတဲ့ဘဝခံစားမှုတေးသံဟာ
ငါ့စိတ်ကို လှိုင်းထစေပြီ...
♪
အိုး... သီချင်းသည်လေးရေ
နှလုံးသားကြားက ဖွားမြင်လာတဲ့အချစ်ရဲ့ရသတေးသံဟာ
ငါ့အသိကို နိုးကြားလေပြီ...
ဘဝလမ်းကြောင်းကိုဖြတ်ကူးပြီးတဲ့ မင်းတေးသံနဲ့ရယ်
အချစ်ခရီးလမ်းကိုပါ ဖြတ်ကူးနှင့်ပြီပေါ့
ဘယ်ခြေလှမ်းကိုစပြီး လွင့်မယ် ငါ့ဘဝ ခဏလေးမှာ
အချစ်နှုတ်ခမ်းပေါ်မှာ ခလုတ်ထိ နမ်းပြီပေါ့...
♪
ဂန္ထဝင်သီချင်းသည်ရေ
မင်းရဲ့ဂန္ထဝင်မြောက် တေးမြှူသံကို
ကြားပါရစေလား
နားထောင်ပါရစေလား
မင်းပျောက်သွားပေမယ့် မင်းရဲ့တေးသံဟာ
မင်းကိုယ်စား ကျန်နေရစ်ပြီပေါ့
ငါ့ကို ဖျော်ဖြေရစ်ပြီပေါ့...
♪
ဘယ်ကလာပြီး
ဘယ်ကိုပြန်သွား ပြန်သွားပြီလဲ
ဂန္ထဝင်
ဂန္ထဝင်ခရီးသည်ရေ...
♪
ဘယ်ကလာပြီး
ဘယ်ကိုပြန်သွား ပြန်သွားပြီလဲ
ဂန္ထဝင်
ဂန္ထဝင်ခရီးသည်ရေ...
ဂန္ထဝင်
ဂန္ထဝင်ခရီးသည်ရေ...
ဂန္ထဝင်
ဂန္ထဝင်ခရီးသည်ရေ...
ဂန္ထဝင်
ဂန္ထဝင်ခရီးသည်ရေ...
Поcмотреть все песни артиста
Другие альбомы исполнителя