Y Wine - Latt Khan Mar Lar текст песни
Исполнитель:
Y Wine
альбом: Htar Wa Ra
မင်းစိတ်ဟာ အထိခိုက်မခံဘူးကွာ
အားပေးသူတစ်ယောက်လောက်တော့ရှိမှာ
သိမ်ငယ်စွာတစ်ယောက်တည်း သူစိမ်းလူများကြားမှာ
စိတ်ညစ်နေမလား
ကလေးတစ်ယောက်လို နူးညံ့တဲ့သဘောထား
လွတ်လပ်ပေါ့ပါးလွန်းတဲ့စိတ်က
အဆင်မပြေတာကြုံရင် မင်းတစ်ယောက်တည်းရှင်းဖို့လွယ်ပါ့မလား
အဖော်မဲ့ဟိုအဝေးကြီးမှာ မင်းအထီးကျန်တဲ့ခါ
ဘယ်သူ့ကို နင် တမ်းတ သတိတွေရသလဲ
ငါသိခွင့်ရှိမလား
တစ်ကယ်တမ်းဆို မင်းဘ၀မှာ
အားလုံးခံစားသမျှ ငါတစ်ယောက်တည်းပါ နားလည်နိုင်တာ လက်ခံမှာလား
မင်းစိတ်ဟာအထိအခိုက်မခံဘူးကွာ
အားပေးသူတစ်ယောက်လောက်တော့ရှိမှာ
သိမ်ငယ်စွာတစ်ယောက်တည်း သူစိမ်းလူများကြားမှာစိတ်ညစ်နေမလား
အတွေးလည်းခေါင်လွန်းတတ်တယ်ခဏခဏ
သံသယနဲ့စိုးရွံ့စိတ်ရှိသမျ
နေ၀င်ချိန် အမှေင်ညထဲတစ်ယောက်တည်း ကြောက်ကာ ငိုနေမလား
အဖော်မဲ့ဟိုအဝေးကြီးမှာ မင်းအထီးကျန်တဲ့ခါ
ဘယ်သူ့ကို နင် တမ်းတ သတိတွေရသလဲ
ငါသိခွင့်ရှိမလား
တစ်ကယ်တမ်းဆို မင်းဘ၀မှာ
အားလုံးခံစားသမျှ ငါတစ်ယောက်တည်းပါ နားလည်နိုင်တာ လက်ခံမှာလား
အဖော်မဲ့ဟိုအဝေးကြီးမှာ မင်းအထီးကျန်တဲ့ခါ
ဘယ်သူ့ကို နင် တမ်းတ သတိတွေရသလဲ
ငါသိခွင့်ရှိမလား
ဘာဖြစ်ဖြစ် မင်းဘ၀မှာ
အားလုံးခံစားသမျှ ငါတစ်ယောက်တည်းပါ နားလည်နိုင်တာ မင်းလက်ခံမှာလား
Поcмотреть все песни артиста
Другие альбомы исполнителя