Zaw Paing - 2 yout htae kabar текст песни
Исполнитель:
Zaw Paing
альбом: 2 Yout Htae Kabar Part(1)
အတူတူနားမှာ မင်းလေးရှိတဲ့အချိန်
ပီတိများနဲ့ရင်တွေခုန်
အပူပင်မှုတွေနဲ့ ဘဝရဲ့အမောများဝေး
ကမ္ဘာကြီးဟာပြည့်စုံ
ဂစ်တာလေးကို မင်းကတီးခတ်ရင်း ကိုယ်ကသီချင်းများဆိုမယ်လေ
ပုံပြင်အသစ်တွေနဲ့ မင်းကချော့သိပ်တော့ အိပ်မက်တွေလှနေ
မင်းရှိခဲ့ရင် ကြည်ကြည်နူးနူးဘဝမှာ ချစ်လို့မဝပါ နှစ်ယောက်တည်းကမ္ဘာ
မင်းရှိခဲ့ရင် ဒါဟာပျော်စရာလောကနိဗ္ဗာန် ငြိမ်းချမ်းရေးပါ
နှစ်ယောက်တည်းကမ္ဘာ
တည်ဆောက်ခြင်းတွေဟာ ခဲယဉ်းလည်းကွယ် ဖျက်စီးဖိုလွယ်ကူတယ်
ဘယ်သူကြားဝင်ဝင် အမြဲတမ်းသတိနဲ့ နှစ်ယောက်သားတို့နားလည်
ဗိုလ်ခြေတစ်သောင်းမလိုပါ မင်းတစ်ယောက်တည်းနဲ့တင်
အန္တရာယ်အားလုံး လုံခြုံလို့နေ ယာယီဝေးချိန်တွေ နည်းသတဲ့ နည်းသွားပြီ
မကြာခဏဆုံပါရစေ
မင်းရှိခဲ့ရင် ကြည်ကြည်နူးနူးဘဝမှာ ချစ်လို့မဝပါ နှစ်ယောက်တည်းကမ္ဘာ
မင်းရှိခဲ့ရင် ဒါဟာပျော်စရာလောကနိဗ္ဗာန် ငြိမ်းချမ်းရေးပါ
နှစ်ယောက်တည်းကမ္ဘာ
ဗိုလ်ခြေတစ်သောင်းမလိုပါ မင်းတစ်ယောက်တည်းနဲ့တင်
အန္တရာယ်အားလုံး လုံခြုံလို့နေ
ကိုယ်တို့ဝေးချိန် နည်းသတဲ့ နည်းသွားပြီ
မကြာခဏဆုံပါရစေ
မင်းရှိခဲ့ရင် ကြည်ကြည်နူးနူးဘဝမှာ ချစ်လို့မဝပါ နှစ်ယောက်တည်းကမ္ဘာ
မင်းရှိခဲ့ရင် ဒါဟာပျော်စရာလောကနိဗ္ဗာန် ငြိမ်းချမ်းရေးပါ
နှစ်ယောက်တည်းကမ္ဘာ
Поcмотреть все песни артиста
Другие альбомы исполнителя