Aung Htet - Messenger текст песни
Исполнитель:
Aung Htet
альбом: Nhit
ငါရေးတဲ့စာတွေ မင်းမဖတ်ချင်မှန်းသိပါတယ်
မင်းရဲ့စိတ်ကို သိနေပေမဲ့ အလိုက်မသိစွာဘဲ
ငါပို့မိနေတယ် တခြားတစ်ဖက်မှာ
မင်းစိတ်သာသလိုသာ ပျော်နေပမဲ့
ငါ့ဘက်ကိုတော့ မင်းစိတ်မပါဘဲ
ဟန်ဆောင်နေတာ သိပ်သိသာလွန်းတယ်
ငါကျေနပ်ပါတယ် ငါကျေနပ်ပါတယ်
ငါကျေနပ်တယ် မင်းငါ့ကို
စိတ်မဝင်စားလည်း ငါကျေနပ်ပါတယ်
ချစ်ရရုံနဲ့ ငါကျေနပ်တယ်
အရိပ်တကြည့်နဲ့ပဲ စောင့်ဆိုင်းမိပါတယ်
ချစ်ရသူရယ် မင်းဘက်က ပြန်စာကို
မျှော်လင့်လျက် မအားလပ်ပေမဲ့
တအားဖတ်ချင်ခဲ့ ခက်ခဲတဲ့
မင်းဘက်က ဖော်ရွေမှုများတယ်
စာတစ်ကြောင်းလောက်နဲ့ပဲ
ကြည်နူးလို့နေခဲ့ မနေနိုင်
မထိုင်နိုင်အောင်ရူးမိတယ်
ငါကျေနပ်ပါတယ် ငါကျေနပ်ပါတယ်
ငါကျေနပ်တယ် မင်းငါ့ကို
စိတ်မဝင်စားလည်း ငါကျေနပ်ပါတယ်
ချစ်ရရုံနဲ့ ငါကျေနပ်တယ်
မင်းပျော်နိုင်မဲ့ စာတွေရေးပို့နေလည်း
မင်းမမြင်နိုင်ဘဲ အပြစ်တစ်ခုလို့
ထင်မှာကိုစိုးတယ်
ငါကျေနပ်ပါတယ် ငါကျေနပ်ပါတယ်
ငါကျေနပ်တယ် မင်းငါ့ကို
စိတ်မဝင်စားလည်း ငါကျေနပ်ပါတယ်
ချစ်ရရုံနဲ့ ငါကျေနပ်တယ်
ငါကျေနပ်ပါတယ်
ချစ်ရရုံနဲ့ ငါကျေနပ်တယ်
Поcмотреть все песни артиста
Другие альбомы исполнителя