ခိုဖြူ ခိုပြာများ အုပ်ဖွဲ့ပျံသန်းကာ
အိမ်ခေါင်ထိပ်ဖျားမှာ နားကြပြီ
မောင် ပြန်လာမယ်ပြောတဲ့နေ့ လွန်ခဲ့တာ
မိုးတွင်းလေးတစ်ခု ပြက္ခဒိန်ပေါ် ဖြတ်သွား
နှုတ်ခမ်းဖျားနဲ့ မလွမ်းပါရှင်
နှလုံးသားနဲ့ လွမ်းနေတယ်
မောင် ဘယ်မှာလဲ ခိုကလေးအတိုင်း ငြီးလို့နေ
အတောင်ပံတွေ ငှားပါနော် လေဟုန်မှာဝဲပျံပြီး
ကမ္ဘာမြေပြင်အနှံ့ ချစ်ခြင်းနဲ့ လိုက်ရှာချင်
♪
ငိုချင်ရင် ဓာတ်ပြားဟောင်းလေး ပြန်ဖွင့်ကာ
အကြိမ်ကြိမ်အခါခါ ပျို့မှာတမ်းသီချင်းကို
မေရှင်ဆိုသလို နှလုံးသားထဲမှာလိုက်ဆို
ခံစားမှုတဝက် အိပ်မက်တဝက် မက်နေဆဲ
နှုတ်ခမ်းဖျားနဲ့ မလွမ်းပါရှင်
နှလုံးသားနဲ့ လွမ်းနေသူ
မောင် ပြန်လာမှ ဓာတ်ပြားဟောင်းလေး သိမ်းချင်
ပျော်စရာကိုလည်း မရှာဘူး
အိမ်ပြင်ကို ထွက်မလည်ဘူး
ထိုင်နေမှာပဲ သီချင်းလေးအနားမှာပင်
♪
ဝရန်တာမှီကာ သီချင်းလေးလိုက်ဆိုရင်းလေ
သန်းခေါင်ယံငွေလမင်းကို ငေးကြည့်ကာ
ခုနစ်စဉ်ကြယ်လေ အမြီးလေးကိုကောက်ချိန်
ဒီလိုညပေါင်းများစွာ တစ်ကိုယ်ရည်ထဲ
နှုတ်ခမ်းဖျားနဲ့ မလွမ်းပါရှင်
နှလုံးသားနဲ့ လွမ်းနေသူ
မောင် ပြန်လာပါ ရင်ထဲကတမ်းတနေ
တီဗီကိုလည်း မဖွင့်ဘူး
ဗီဒီယိုလည်း မကြည့်ဘူး
မေရှင်ဓာတ်ပြားဟောင်းလေးပဲ နားထောင်ချင်
♪
ဝရန်တာမှီကာ သီချင်းလေးလိုက်ဆိုရင်းလေ
သန်းခေါင်ယံငွေလမင်းကို ငေးကြည့်ကာ
ခုနစ်စဉ်ကြယ်လေ အမြီးလေးကိုကောက်ချိန်
ဒီလိုညပေါင်းများစွာ တစ်ကိုယ်ရည်ထဲ
နှုတ်ခမ်းဖျားနဲ့ မလွမ်းပါရှင်
နှလုံးသားနဲ့ လွမ်းနေသူ
မောင် ပြန်လာပါ ရင်ထဲကတမ်းတနေ
တီဗီကိုလည်း မကြည့်ဘူး
ဗီဒီယိုလည်း မဖွင့်ဘူး
မေရှင်ဓာတ်ပြားဟောင်းလေးပဲ နားထောင်ချင်
Поcмотреть все песни артиста
Другие альбомы исполнителя