Bunny Phyoe - First / Last текст песни
Исполнитель:
Bunny Phyoe
альбом: Neon Dreams
ပထမဆုံး နဲ့ နောက်ဆုံး
Bunny Phyoe ft Sai Sai Kham Hlaing
ညနေလးနာရီခွဲ
ဖုန်းထဲကိုMessageတစ်စောင်ဝင်တယ်
ကမ္ဘာတစ်ခုလုံးသွက်သွက်ခါသွားပြီး
လည်ပင်းမှာစို့နင့်
တစ်ကိုယ်လုံးထုံကျဉ်လာတယ်
ငါဘာလုပ်ရမလဲမသိဘူး
လက်ဖမိုးနဲ့မျက်ရည်ကိုခိုးသုတ်ရင်း
သက်ပြင်းတွေရှိုက်ဖို့ ကြိုးစားရင်း
တစ်ခုတော့သိလိုက်ရတယ်
အချစ်ဆိုတစ်ကယ်မရှိဘူးးး
ယုံကြည်တာတွေအကုန်ပြိုလဲ
ဒဏ္ဏာရီ ပုံပြင်လိုအချစ်မျိုးနဲ့
ငါတန်ဖိုးထားချစ်ခဲ့တယ်
နောက်ဆုံးတော့ငါ့တစ်ယောက်တည်း
မရှူနိုင်မကယ်နိုင်အောင် ခံစား...
ကြယ်တံခွန်လိုကြွေနေပြီ ရင်ထဲက
နောက်ဆုံးတော့ အသဲတွေကွဲ
အရင်ဆုံးအချစ်ဦးလူမဖြစ်ပေမဲ့လဲ
နောက်ဆုံးအချစ်ဆုံးလို့ပဲ ခံယူထားတယ်
နောက်ဆုံးတော့လဲ အရင်းအတိုင်းပဲ
ကျန်ရစ်တယ်
နင်ပေးခဲ့ဖူးတဲ့ အိမ်မက်ရှည်များနဲ့
နင်ပြောခဲ့ဖူးတဲ့ စကားတွေလဲယုံစားတယ်
နောက်ဆုံးမှာတော့ ဒီအချစ်ကအလကားပဲ
နာရီကိုကြည့်မနက်လေးနာရီခွဲ
ငါ့စိတ်ဓာတ်တွေပြုတ်ကျ လေးလံနေခဲ့
မျှော်လင့်ချက်တွေအာလုံး စိတ်ကွယ်နေခဲ့
ငါ့အသက်ရှင်ခြင်းကလဲ အဓိပ္ပာယ်တွေမဲ့
အပြင်မှာရာသီဥတုအုံ့မှိုင်းသလို
အရာရာကိုတွေဝေနေပြီ ထုံထိုင်းလို့
ရင်ခွင်မှာတော့ဒဏ်ရာတွေနဲ့မုန်တိုင်းလို
အသဲခွဲတမ်းကစားတဲ့သူနဲ့ကြုံ ကြိုက်လို့
တစိမ်းချိုး နင်ချိုးခဲ့ ငါကတော့ ရင်ကြိုးခဲ့
နင်ချစ်တယ်လို့ပြောပြီးမှ
ပြန်ပြစ်ချထားခဲ့တာ ဘာအချိုးလဲ
နာကျီးဖို့်ကြိုးစားရင် ပိုပြီးတော့လွမ်းရတာ
တစ်ကယ်ပိုဆိုးတယ် နင်အဓမ္မရိုက်ချိုးခဲ့
နောက်ဆုံးတော့ ကိုယ်ကျိုးနည်း
ယုံကြည်တာတွေအကုန်ပြိုလဲ
အတူတူနေနိုင်မယ် ငါစိတ်ကူးခဲ့
ငါတန်ဖိုးထားခဲ့တာလဲ
နင်လွှင့်ပြစ်ခဲ့တာပဲ
မရှူနိုင်မကယ်နိုင်အောင် ခံစား...
လေတံခွန်လိုကြိုးပျက်ပြီ ငါ့နှလုံးသား
နင်ပြောတော့ အချစ်တဲ့လား
အရင်ဆုံးအချစ်ဦးလူမဖြစ်ပေမဲ့လဲ
နောက်ဆုံးအချစ်ဆုံးလို့ပဲ ခံယူထားတယ်
နောက်ဆုံးတော့လဲ အရင်းအတိုင်းပဲ
ကျန်ရစ်တယ်
နင်ပေးခဲ့ဖူးတဲ့ အိမ်မက်ရှည်များနဲ့
နင်ပြောခဲ့ဖူးတဲ့ စကားတွေလဲယုံစားတယ်
နောက်ဆုံးမှာတော့ ဒီအချစ်ကအလကားပဲ
အိုး အိုး အိုး အိုး အို
အိုး အိုး အိုး အိုး အို
အိုး အိုး အိုး အိုး အို
ဟီးရေး ×4
အိုး အိုး အိုး အိုး အို
အိုး အိုး အိုး အိုး အို
အိုး အိုး အိုး အိုး အို
ဟီးရေး ×4
အရင်ဆုံးအချစ်ဦးလူမဖြစ်ပေမဲ့လဲ
နောက်ဆုံးအချစ်ဆုံးလို့ပဲ ခံယူထားတယ်
နောက်ဆုံးတော့လဲ အရင်းအတိုင်းပဲ
ကျန်ရစ်တယ်
(အရင်အတိုင်းပဲငါတစ်ယောက်တည်း)
နင်ပေးခဲ့ဖူးတဲ့ အိမ်မက်ရှည်များနဲ့
နင်ပြောခဲ့ဖူးတဲ့ စကားတွေလဲယုံစားတယ်
နောက်ဆုံးမှာတော့ ဒီအချစ်ကအလကားပဲ
(ဒီအချစ်ကအလကားပဲ)
ငါနင့်ရဲ့
ပထမဆုံးတစ်ယောက်မဟုတ်ခဲ့ရပေမဲ့
နောက်ဆုံးအချစ်တော့ရချင်ခဲ့မိတယ်
နောက်ဆုံးတော့လဲ လမ်းခွဲရတာပါပဲ
သင်ခန်းစာတစ်ခုရလိုက်တယ်
ဘယ်သောအခါမှ
တစ်ကယ်မချစ်ပါနဲ့
Thank U
Поcмотреть все песни артиста
Другие альбомы исполнителя