Htoo Eain Thin - Sate Dat Kin Sar текст песни 
      Исполнитель: 
      Htoo Eain Thin
      
      альбом: Nar Yi Paw Ka Myat Yay Sat Myar
      
  
        
      
  
  
      
      
      နေ့နဲ့ည မကွဲပြားဘူး
အမှန်နဲ့အမှား ခွဲခြားတတ်ပါ
အို ရင်မှာ ဒဏ်ရာများလား
ကောက်ကျစ်တတ်တဲ့ စိတ်ကဝင်လာ
အချိန်ရယ် နေရာ အရောင်ပြောင်းတဲ့တရား
စဉ်းလဲမှုများအလယ်
ဖြူစင်စိတ်ကလေး ထားရှိနိုင်မလား
ရိုးသားခြင်များ
ရှင်းသန့်တဲ့ ကိုယ်ကျင့်တရား
ဆုံးရှုံးတဲ့အခါ
တို့ရင်မှာ
ပျော်နိုင်ဦးမလား
ရက်စက်တတ်တဲ့စိတ်က ခိုင်မာ
မှန်တယ်ထင်တာ အကုန်လုံးပဲ အမှား
ရက်စက်မှုများအလယ်
ကြင်နာစိတ်ကလေး ထားရှိနိုင်မလား
စိတ်ဓာတ်များရဲ့အင်အား
အို တဖြည်းဖြည်း နည်းသွားပြီလား
သွေးကြောများထဲအနှံ့
ညစ်ပတ်တဲ့စိတ်က စီးဝင်လှုပ်ရှား
စိတ်ဓာတ်အတွင်းထဲ လှိုက်စား
အဆိုးဆုံးပဲ လွတ်မြောက်လမ်း မမြင်ပါ
လုံးပါး ပါးမှာပဲ
အို မေမေရေ ကယ်ပါဦးလား
သွေးကြောများထဲပျံ့နှံ့တဲ့ အဆိပ်တောက်များဟာ
ဘယ်လိုရောက်လာလဲ မတွေးတတ်တော့ဘူး
အို ဒါဟာ ကင်ဆာပါလား
ကောက်ကျစ် ရက်စက်တတ်တဲ့ စိတ်များ
အိုး ဖြူစင်တာတွေ ပျောက်ဆုံးသွားပြီလား
အမှားအယွင်းများကြားမှာ
အမှန်ဆိုတဲ့စကားရဲ့ အဓိပ္ပာယ်ရှာ
♪
စိတ် စိတ်ဓာတ်များရဲ့အင်အား
အို တဖြည်းဖြည်း နည်းသွားပြီလား
သွေးကြောများထဲအနှံ့
ညစ်ပတ်တဲ့စိတ်က စီးဝင်လှုပ်ရှား
စိတ်ဓာတ်အတွင်းထဲ လှိုက်စား
အဆိုးဆုံးပဲ လွတ်မြောက်လမ်း မမြင်ပါ
လုံးပါး ပါးမှာဘဲ
အို မေမေရေ ကယ်ပါဦးလား
သွေးကြောများထဲပျံ့နှံ့တဲ့ အဆိပ်တောက်များဟာ
ဘယ်လိုရောက်လာလဲ မတွေးတတ်တော့ဘူး
အို ဒါဟာ ကင်ဆာပါလား
ကောက်ကျစ် ရက်စက်တတ်တဲ့ စိတ်များ
အိုး ဖြူစင်တာတွေ ပျောက်ဆုံးသွားပြီလား
အမှားအယွင်းများကြားမှာ
အမှန်ဆိုတဲ့စကားရဲ့ အဓိပ္ပာယ်ရှာ
      
      Поcмотреть все песни артиста
  
    
    
  
    
      Другие альбомы исполнителя