Htoo Eain Thin - Phyay Phyay Lay Nae Nyeint Nyeint Lay текст песни 
      Исполнитель: 
      Htoo Eain Thin
      
      альбом: Ta Naye Sar A Lwae Myar
      
  
        
      
  
  
      
      
      ဝိညာဉ် စိတ်ရှိုင်းနက်လို့
ကလူသလို လူကို မြှူဆွယ်ကျီစယ်
ဘုရားသခင်ရှေ့ ကျွန်ုပ်ရောက်ခဲ့
တိမ်လွှာစိုင်လို ပေါ့ပေ့ါပါးပါးကွယ်
ငွေစန္ဒာယာဉ်အရောင် ပြိုးပြိုးပြက်ပြက်ဆောင်
ဘယ်ဆီခေါ်မယ် ပြောလည်းမပြောဘဲ
လှမ်းလို့ချီယူ ဘုံပျံနတ်နန်းလေးဆီ
ဖြည်းဖြည်းလေးနဲ့ ငြိမ့်ငြိမ့်လေးကွယ်
ကိုယ့်ကို အများသူက မတွေ့မမြင်
ပီပီပြင်ပြင် အခြေအနေကိုကွယ်
ပြောပြတော့ ဝမ်းနည်းမိတယ်
တမလွန်ဘုံမှာ အိပ်စက်ရပေါ့ကွယ်
မမြင်ဘူးလို့ တော်တော်ကြာအောင်
ရပ်တန့်လို့ ငေးမောကြည့်တယ်
လှေငယ်တေလေ ဘယ်ဆီသွားမယ်
ဟိုးအဝေး ခက်ပြီကွယ်
တစ်ယောက်တည်း လိုက်ခဲ့တဲ့
ဖြည်းဖြည်းလေးနဲ့ ငြိမ့်ငြိမ့်လေးကွယ်
ဝိညာဉ် စိတ်ရှိုင်းနက်လို့
ကလူသလို လူကို မြှူဆွယ်ကျီစယ်
ဘုရားသခင်ရှေ့ ကျွန်ုပ်ရောက်ခဲ့
တိမ်လွှာစိုင်လို ပေါ့ပေ့ါပါးပါးကွယ်
♪
ဘော်စင်ငွေစန္ဒာ ယာဉ်အရောင်
ကြည်လင်ပြိုးပြက် အလင်းဆောင်
ဘယ်ဆီခေါ်မယ် ပြောလည်းမပြောဘဲ
လှမ်းလို့ပွေ့ချီ ဘုံနတ်နန်းပျံဆီကို
ဖြည်းဖြည်းလေးနဲ့ ငြိမ့်ငြိမ့်လေးကွယ်
ဝိညာဉ် စိတ်ရှိုင်းနက်လို့
ကလူသလို လူကို မြှူဆွယ်ကျီစယ်
ဘုရားသခင်ရှေ့ ကျွန်ုပ်ရောက်ခဲ့
ဖြည်းဖြည်းလေးနဲ့ ငြိမ့်ငြိမ့်လေးကွယ်
ဝိညာဉ် စိတ်ရှိုင်းနက်လို့
ကလူသလို လူကို မြှူဆွယ်ကျီစယ်
ဘုရားသခင်ရှေ့ ကျွန်ုပ်ရောက်ခဲ့
ဖြည်းဖြည်းလေးနဲ့ ငြိမ့်ငြိမ့်လေးကွယ်
ဝိညာဉ် စိတ်ရှိုင်းနက်လို့
ကလူသလို လူကို မြှူဆွယ်ကျီစယ်
ဘုရားသခင်ရှေ့ ကျွန်ုပ်ရောက်ခဲ့
      
      Поcмотреть все песни артиста
  
    
    
  
    
      Другие альбомы исполнителя