Kaiza Tin Moong - Nya Nay See Sein текст песни
Исполнитель:
Kaiza Tin Moong
альбом: Shunt Say Chay Htauk
ငါနှစ်သက်တဲ့
အစွဲကြီး စွဲမိနေတဲ့ ညနေ
အမှောင်ကမ္ဘာရဲ့ နိဒါန်းမှာ
ဆုံစည်းခဲ့ရတဲ့
တို့နှစ်ယောက်မသိတဲ့ ရေစက်ဘဝဟာ
ထာဝစဉ် ရူပါရုံ အတုပါ
ယစ်မူးခဲ့တဲ့ ညနေခင်းမှာ
ဆုံစည်းခဲ့ရတဲ့ ညနေခင်းမှာ
ကွာဝေးခဲ့ရတဲ့ ညနေခင်းမှာ
ငါတို့ အသည်းကွဲတဲ့ ညနေခင်းမှာ
မင်းတိုက်တဲ့
ချစ်ငွေ့ထတဲ့ ချိုသော ကော်ဖီ
ငါပြန်ပေးခဲ့ ဝေဒနာများ
တို့မှေးစက်ခဲ့
ပန်းရနံ့ သင်းတဲ့ ကြာရိပ်အောက်မှာ
ဒီအချိန်မှာ နေမင်းကွယ်ပျောက်ရှ
တို့မှေးစက်ခဲ့ ညနေစည်းစိမ်
လူသားတို့မသိတဲ့ ညနေစည်းစိမ်
ငါတို့ အတ္တနိဗ္ဗာန် ညနေစည်းစိမ်
ငါတို့ အသည်းကွဲတဲ့ ညနေစည်းစိမ်
ညနေစည်းစိမ်
လူသားနှစ်ဦးရဲ့ ညနေစည်းစိမ်
ရယ်မောခဲ့ရတဲ့ ညနေစည်းစိမ်
ငိုကြွေးခဲ့ရတဲ့ ညနေစည်းစိမ်
ငါတို့ အသည်းကွဲတဲ့ ညနေစည်းစိမ်
ညနေစည်းစိမ်
မမေ့ဘူး
ငါတို့ တွေ့ဆုံနေကြ ညနေမှာ
ဒီကမ္ဘာကြီးအကြောင်းကို မေ့ပျောက်လို့သွား
မမေ့ဘူး
ငါတို့ ခွဲခွာနေကျ ညနေမှာ
လူတွေပျော်တဲ့အရပ်ဟာ အကျိုးမဲ့နေရှာ
မင်းမျှော်နေတဲ့ ညနေ
တို့ ယူလာပြီပဲ
မင်းပျော်ရွှင်တဲ့ ညနေမှာ
တို့တစ်ယောက်တည်း ငိုကြွေးခဲ့ရပြီ
အတိတ်ဟောင်း ပုံရိပ်များ ပြန်ဖော်တဲ့ ညနေ
ဒဏ်ရာ ပန်းချီကားတစ်ချပ်နဲ့ ရောင့်ရဲလို့နေတယ်
အနာဂတ် မှုန်ဝါးဝါး မြင်နေတဲ့ ပန်းတိုင်ဟာ
ရည်ရွယ်ချက်များထားရာ ချောက်ကမ်းပါးတွေပါ
မင်းယုံကြည်တဲ့ ညနေ
စိမ်းပြာ နီညိုရောင် သန်းနေ
မင်းပူဇော်တဲ့ ညနေမှာ
အသည်းကွဲမယ့်သူ တစ်ယောက်တော့ အမြဲရှိစမြဲ
မင်းယုံကြည်တဲ့ ညနေ
စိမ်းပြာ နီညိုရောင် သန်းနေ
မင်းပူဇော်တဲ့ ညနေမှာ
အသည်းကွဲမယ့်သူ တစ်ယောက်တော့ အမြဲရှိစမြဲ
တစ်ယောက်တော့ အမြဲရှိစမြဲ
တစ်ယောက်တော့ အမြဲရှိစမြဲ
တစ်ယောက်တော့ အမြဲရှိစမြဲ
Поcмотреть все песни артиста
Другие альбомы исполнителя