Kaiza Tin Moong - Lay Htee текст песни
Исполнитель:
Kaiza Tin Moong
альбом: Believe It
ငါ့ရဲ့ဘဝမှာ
အပေါက်တစ်ပေါက်ရှိတယ်
တစ်ပေါက်ပိတ်လိုက်တိုင်း
နောက်တစ်ပေါက်ပွင့်လာတယ်
ငါပြောတဲ့စကားကို
မင်းတစ်ယောက်နားမလည်
ငါမဟုတ်တဲ့မင်းကို
ရှင်းပြဖို့မလွယ်ဘူး
ပျံသန်းမယ့်ငှက်ငယ်
အတောင်ကျိုးလို့သွားတယ်
တောင်ထိပ်ရောက်ဖို့
အရင်ဆေးကုဖို့လိုတယ်
ရှောင်လွှဲလို့မရမဲ့
အရာအားလုံးအတွက်ကို
လက်ခံသွားအောင်
ဒူးထောက်အားယူမယ်
မနက်ဖြန်ရောက်မှာကြောက်စရာလိုသေးလား
ဒီမှာလက်တွေ့ကျတဲ့ဒီနေ့ရှိထားပြီပဲ
မနေ့ကအကြောင်းတွေတွေးပူနေဦးမလား
စိတ်နှလုံးတံခါးကို
တစ်နေကုန်ဖွင့်လို့ထား
လေထီးတစ်ခုပွင့်လို့သွားပြီ
အို... အောက်ပြုတ်ကျမှာမမှုပါ
လေဟုန်စီးမယ့်ငှက်ငယ်
မြင်ကြားသိမှုနဲ့
ခံစားမှုကြားမှာ
သိပ္ပအတတ်ကို
ဘေးချိတ်ထားချင်တယ်
လူသားဦးနှောက်နဲ့
စစ်ကြောဆုံးဖြတ်ဖို့
ချိတ်ဆက်မှုကို
အပေါက်ဖောက်တပ်ဆင်တယ်
နာမ်သားနဲ့ထုတဲ့
အို... ငါ့ရဲ့ဝိညာဉ်
အငွေ့ အရည် အခဲတွေ
ဘေးချိတ်လိုက်ပြီပဲ
နောက်ဆုံးကျတော့လည်း
တကယ်အလုပ်ဖြစ်သွားတယ်
ပိုစွမ်းတဲ့တန်ခိုးနဲ့
ပေါင်းစည်းလို့ဒွန်တွဲ
မနက်ဖြန်ရောက်မှာကြောက်စရာလိုသေးလား
ဒီမှာလက်တွေ့ကျတဲ့ဒီနေ့ရှိထားပြီပဲ
မနေ့ကအကြောင်းတွေတွေးပူနေဦးမလား
စိတ်နှလုံးတံခါးကို
တစ်နေကုန်ဖွင့်လို့ထား
လေထီးတစ်ခုပွင့်လို့သွားပြီ
အို... အောက်ပြုတ်ကျမှာမမှုပါ
လေဟုန်စီးမယ့်ငှက်ငယ်
မနက်ဖြန်ရောက်မှာကြောက်စရာလိုသေးလား
ဒီမှာလက်တွေ့ကျတဲ့ဒီနေ့ရှိထားပြီပဲ
မနေ့ကအကြောင်းတွေတွေးပူနေဦးမလား
စိတ်နှလုံးတံခါးကို
တစ်နေကုန်ဖွင့်လို့ထား
လေထီးတစ်ခုပွင့်လို့သွားပြီ
အို... အောက်ပြုတ်ကျမှာမမှုပါ
လေဟုန်စီးမယ့်ငှက်ငယ်
လေဟုန်စီးမယ့်ငှက်ငယ်
လေဟုန်စီးမယ့်ငှက်ငယ်
လေဟုန်စီးမယ့်ငှက်ငယ်
Поcмотреть все песни артиста
Другие альбомы исполнителя