Kaiza Tin Moong - Zat Khone текст песни
Исполнитель:
Kaiza Tin Moong
альбом: Believe It
ငါ့အရပ်နဲ့တန်းတူ
မြင့်တဲ့တံတိုင်းတစ်ခု
ဘယ်အချိန်အထိဆက်ရှိမှာလဲ
ပူလောင်ခြူခြာခြောက်သွေ့လွန်းတဲ့
ကန္တာရသဲမြေပေါ်
ဟိုနားဒီနားပြန့်ကျဲနေကြတဲ့
ကျည်အ မျိုးစေ့သိပ်များ
သန္ဓေတည်ရန်ခက်ခဲတဲ့အမြစ်ဖွာ
ရှင်သန်ဆဲဝိညာဉ်များ
ဖန်ဆင်းရှင်ချုပ်တဲ့
ဇာတ်အင်္ကျီမနွမ်းခင်
ယူဝတ်ကြည့်ပါများ
ဖန်တစ်ရာတေဓာတ်ပြားဖွင့်ဆက်ပါ
အပ်ကြီးတုံးလို့သွား
ရုန်းလေနစ်လေ
နစ်လေရုန်းလေ
နွံအိုင်ထဲကလူသား
ဆင်ခြင်ဉာဏ်ပျောက်ဆုံးတဲ့အတွက်ငါ
ပိုပြီးရုန်းနေသလား
ငိုရမလား
ရယ်ရမလား
ငိုရမလား
ရယ်ရမလား
တံခါးတွေပိတ်လျက်
ကတဲ့ဇာတ်ခုံ
ဘယ်သူကြိုးဆွဲနေသလဲ
လူရွှင်တော်ငါပြက်တဲ့စရိုက်တွေ
အလိုဇောက်ထိုးမိုးမှောက်သွား
ဖန်ဆင်းရှင်ဆွဲဖို့
ကြိုးမျှင်မပြတ်အောင်
ဆုတောင်းရပါများ
ကမ္ဘာမကျေဇာတ်လိုက်ကြီးငါ
လူကြမ်းဘဝရောက်သွား
ရုန်းလေနစ်လေ
နစ်လေရုန်းလေ
နွံအိုင်ထဲကလူသား
ဆင်ခြင်ဉာဏ်ပျောက်ဆုံးတဲ့အတွက်ငါ
ပိုပြီးရုန်းနေသလား
ငိုရမလား
ရယ်ရမလား
ငိုရမလား
ရယ်ရမလား
ရုန်းလေနစ်လေ
နစ်လေရုန်းလေ
နွံအိုင်ထဲကလူသား
ဆင်ခြင်ဉာဏ်ပျောက်ဆုံးတဲ့အတွက်ငါ
ပိုပြီးရုန်းနေသလား
ငိုရမလား
ရယ်ရမလား
ငိုရမလား
ရယ်ရမလား
Поcмотреть все песни артиста
Другие альбомы исполнителя