Kishore Kumar Hits

Mi Sandi - Oo Nhout Mae Nga Tone Brainless - Acoustic Version текст песни

Исполнитель: Mi Sandi

альбом: That Thi Khel


သူငယ်ချင်းတွေ ငါ့ကိုပြောနေကြတယ်
အချိန်တွေကြာပြီလေ မေ့လိုက်စမ်းတဲ့
Memory ကို ပုရွက်ဆိတ်သတ်သလိုပဲ
သတ်ပစ်ဖို့ဟာ ဘယ်လွယ်ကူပါ့မလဲ
သူငယ်ချင်းတွေ မေးနေကြတယ်
ငါလေ ဘာတွေမက်မောနေလဲတဲ့
အမှန်ဆို နင်ဟာ
ခွေးလေးလောက်တောင်မှ အဆင့်မရှိဘူးကွာ
တကယ်ကို ရီရတယ်
အလွမ်းတွေ ငါ့ရင်ထဲကခွဲထုတ်ချင်လည်း
အဲ့လိုဆေးရုံ မရှိဘူးကွယ်
မှတ်ဉာဏ်များ ရေဆေးပြီး
ရှင်းလိုက်ချင်လည်း
မဖြစ်နိုင်တဲ့အခါ ငါရူးခဲ့
အပျော်ပေးခဲ့တဲ့ ကတိတွေ
တစ်သက်စာလို့ ငါထင်ခဲ့တယ်
မယုံနိုင်အောင် နုံအ မိခဲ့
တကယ်ဆို ငါလေ သိပ်တုံးတယ်
ဒါတွေ ငါ့အပြစ်ပါပဲ
စုံလုံးကန်းအောင် အချစ်ကို
ရူးမိုက်ပြီးလေ ငါကိုးကွယ်
မယုံနိုင်အောင် ညံ့ဖျင်းလွန်းခဲ့
တကယ်ဆို ငါလေ သိပ်တုံးတယ်
ဒါတွေ ငါ့အပြစ်ပါပဲ
ငါ ငတုံးတစ်ယောက်ပါပဲ
အွန်း
ဘယ်လိုလဲ နင်အခုချိန်
အချစ်သစ်နဲ့ ပလူးပလဲ နေတယ်ပေါ့
ငါ့ရဲ့ကျရှုံးခန်းအတွက် အောင်ပွဲတွေ ဆင်နွှဲနေမယ်ပေါ့
ငါ့မှာတော့ နောင်တများစွာနဲ့ ရင်ကွဲနေခဲ့ပေါ့
ဘိန်းစားတစ်ယောက်လို မင်းကိုတွယ်ငြိ
အရိုးထိ စွဲနေခဲ့တော့
ငါ Delete လုပ်ထားတဲ့ ဖုန်းနံပါတ်
တစ်လုံးမှမလွဲအောင် မှတ်မိ
အသုံးမကျတဲ့ ငါ့လက်ချောင်းတွေ
တစ်ခါတလေ သွားသွားပြီးတော့ ဆက်မိ
ငါအမှတ်မရှိ ငါအရှက်မရှိ
မာန်မာနတွေက နတ္ထိ
တကယ်ဆို နင်က ငါ့နာမည်ကို
မေ့နေလောက်အောင် ပျက်ပြီ
စနိုက်ကျော်မနဲ့ ခြံခုန်နွား
နင်တို့ အမြဲပျော်နိုင်မယ် ထင်လို့လား
ဝဋ်လည်မယ် မလွတ်ဘူး အသေမှတ်ထား
ဘုရားရိုက်မှ မငိုနဲ့ သိလား
အဲ့အခါကျမှ နင်ငါ့ကို ကိုယ်ချင်းစာမယ်
နင့်အကြောင်းတွေ စဉ်းစားမိတိုင်း
စိတ်ဓာတ်တွေလည်း ပြိုဆင်းလာတယ်
အိုမင်းလာခဲ့ နေ့ညအချိန်များ
တဖြည်းဖြည်းနဲ့ ကုန်ဆုံးသွား
အခုအချိန်ထိကို မုန်းမရ
ငါက ဦးနှောက်မဲ့တဲ့ ငတုံးမ
အလွန်ကို ရက်စက်ခဲ့လည်း
အခုထိ စွဲလန်း ချစ်နေတုန်းပါ
ငါ အရမ်းကြောက်တာ တစ်ခုက
နင့်စိတ်နဲ့ပဲ ငါသေဆုံးမှာ
အပျော်ပေးခဲ့တဲ့ ကတိတွေ
တစ်သက်စာလို့ ငါထင်ခဲ့တယ်
မယုံနိုင်အောင် နုံအ မိခဲ့
တကယ်ဆို ငါလေ သိပ်တုံးတယ်
ဒါတွေ ငါ့အပြစ်ပါပဲ
စုံလုံးကန်းအောင် အချစ်ကို
ရူးမိုက်ပြီးလေ ငါကိုးကွယ်
မယုံနိုင်အောင် ညံ့ဖျင်းလွန်းခဲ့
တကယ်ဆို ငါလေ သိပ်တုံးတယ်
ဒါတွေ ငါ့အပြစ်ပါပဲ
အချစ်ဆိုတဲ့အရာ ဦးနှောက်ကို ပိတ်ဖုံး
ဆင်ခြင်ဉာဏ်တွေ ဆိတ်သုဉ်းလို့
တရှိုက်မတ်မတ် စွဲလန်းမိတဲ့
ရေခဲရိုက်တဲ့ အပြုံးကို
ပုဇွန်လောက်တောင် ဦးနှောက်မရှိတဲ့
ငါ့ကိုယ်ငါလည်း သိပ်မုန်းလို့
လုံးဝကို မရိပ်မိခဲ့
နင့်နောက်ကွယ် ဇာတ်လမ်းကြိတ်ပုန်းတို့
နင်ကမကောင်းဘူး ငါ့အချစ်နဲ့ မတန်ဘူးလို့
ပြောတဲ့သူတိုင်း ငါရန်ပြု
နင့်ထိရင် မခံဘူး ဆိုပြီးတော့
အားလုံးကို အံတုလို့
ကိုယ့်သေတွင်း ကိုယ်ပြန်တူးသလို
ဖြစ်ခဲ့မှန်း သိလိုက်ရတဲ့အချိန်မှာ ငါရူးလို့
ငါ့ကို ဖောက်ပြန်ပြီးတော့
နင်တို့တွေ သိပ်ကို ချစ်ပြနေတာ ကောင်းလား
တင်သမျှ Status တိုင်းလည်း
သူ့ကို ဘယ်လောက်တောင်ချစ်တဲ့ အကြောင်းအရာ
Facebook Profile မှာတောင်
သူ့ကိုနမ်းနေတဲ့ ပုံကိုပြောင်းထား
အံ့ဩပါရဲ့ အရှက်ကိုမရှိဘူး
အဆင့်က ခွေးသူတောင်းစား
ငါနင့်ကို အရမ်းရွံတယ်
အရမ်းလည်း မုန်းတယ်
အရမ်းလည်း လွမ်းတယ်
အရမ်းလည်း ချစ်နေတုန်းပဲ
ကြာရင် နင့်စိတ်နဲ့ ငါသေမှာပဲ
ငါ အရမ်းပင်ပန်းနေပြီ
အပျော်ပေးခဲ့တဲ့ ကတိတွေ
တစ်သက်စာလို့ ငါထင်ခဲ့တယ်
မယုံနိုင်အောင် နုံအ မိခဲ့
တကယ်ဆို ငါလေ သိပ်တုံးတယ်
ဒါတွေ ငါ့အပြစ်ပါပဲ
သူငယ်ချင်းတွေ ငါ့ကို မေးနေကြတယ်
ငါလေ ဘာတွေမက်မောနေလဲတဲ့
တကယ်ဆို နင်ဟာ
ခွေးလေးလောက်တောင် အဆင့်မရှိဘူးကွာ
တကယ်ကို ရီရတယ်

Поcмотреть все песни артиста

Другие альбомы исполнителя

Похожие исполнители