Irene Zin Mar Myint - မုန်းခဲ့သည် текст песни
Исполнитель:
Irene Zin Mar Myint
альбом: မုန်းခဲ့သည်
စိတ်ထဲမှာဘာမှမရှိ
ဒီလောက်ဆိုလုံလောက်ပြီ
နင့်အတွက်သီးသန့်
ဝမ်းနည်းမျက်ရည် ကျစရာငါ့မှာမရှိ
ရင်ထဲမှာဗလာနတ္ထိ
နင်မရှိတာပိုကောင်းသည်
ငါ့တန်ဖိုးတောင်မသိတဲ့နင့်ကို
ပြောစရာစကားလုံးမရှိ
ယုံကြည်မှုနဲ့စည်းတချို့ဖောက်ဖျက်ဖို့
တစ်စုံတစ်ယောက်ဝင်လာတဲ့အခါ
တည်ဆောက်ခဲ့ကြတဲ့နှလုံးသားတစ်ခုကို
ဖျက်ဆီးလိုက်တာလား
ငါနင့်ကိုမုန်းသည်
ကြေကွဲစရာဘာမှမရှိ
ဝဋ်ကြွေးရှိခဲ့လို့ပြန်ပေးဆပ်လိုက်ပါသည်
ငါနင့်ကိုမုန်းသည်
ထပ်ပြောစရာစကားလုံးမရှိ
နင်တခြားတစ်ယောက်နဲ့ပျော်နေတုန်း
ငါလည်းဘဝသစ်တစ်ခုကိုရှာဖို့
နောက်ဆုံးပတ်သက်ခဲ့သမျှ
ငါ့ကိုငါလည်းမုန်းသည်
ရင်ထဲမှာဗလာနတ္ထိ
နင်မရှိတာပိုကောင်းသည်
ငါ့တန်ဖိုးတောင်မသိတဲ့နင့်ကို
ပြောစရာစကားလုံးမရှိ
ယုံကြည်မှုနဲ့စည်းတချို့ဖောက်ဖျက်ဖို့
တစ်စုံတစ်ယောက်ဝင်လာတဲ့အခါ
တည်ဆောက်ခဲ့ကြတဲ့နှလုံးသားတစ်ခုကို
ဖျက်ဆီးလိုက်တာလား
အိုး ဟို
အားလုံးနင့်အတွက်ဆုံးရှုံးခဲ့တယ်
ငါကိုငါသနားတယ်
လွတ်လပ်မှုနဲ့ဘဝသစ်တစ်ခုကို
ပြန်ရှာဖွေတော့မယ်
ငါနင့်ကိုမုန်းသည်
ကြေကွဲစရာဘာမှမရှိ
ဝဋ်ကြွေးရှိခဲ့လို့ပြန်ပေးဆပ်လိုက်ပါသည်
ငါနင့်ကိုမုန်းသည်
ထပ်ပြောစရာစကားလုံးမရှိ
နင်တခြားတစ်ယောက်နဲ့အဆင်ပြေတော့
ငါလည်းဘဝသစ်တစ်ခုကိုရှာဖို့
နောက်ဆုံးပတ်သက်ခဲ့သမျှ
ငါ့ကိုငါလည်းမုန်းသည်
နင်တခြားတစ်ယောက်နဲ့ပျော်နေတာ့
ငါလည်းဘဝသစ်တစ်ခုကိုရှာဖို့
နောက်ဆုံးပတ်သက်ခဲ့သမျှ
ငါ့ကိုငါလည်းမုန်းသည်
Поcмотреть все песни артиста
Другие альбомы исполнителя