Wyne Su Khaing Thein - Ar Dam Ma Hote Tae Nin Ai Wa Ma Hote Tae Nga текст песни
Исполнитель:
Wyne Su Khaing Thein
альбом: Khar Cha Nay Ya Tael
အာဒံဟာ မင်းမဟုတ်သလို
ဧဝဟာ ငါမဟုတ်ပါ
သို့သော် မင်းနဲ့ငါ
အချစ်တို့ကို တွေ့ပြီ
ဧဒင်က ပန်းသီးကို
တို့နှစ်ယောက် ခူးယူမစားပါ
သို့သော် မင်းနဲ့ငါ
အချစ်တို့ကို တွေ့ပြီ (ရေး)
မင်းက No.1, မင်းက No.2
မင်းက No.3, မင်းကငါ့ရဲ့ နတ်သမီး
သေချာတာက ဘယ်အရာမှ
မင်းလောက်တန်ဖိုးမထား ဒါကိုကျိန်ကာပြ
အကြိမ်တစ်ရာမက ဒီလိုလိမ်ကာကျ
စကားတွေနဲ့မတူပါဘူး ငါ့အချစ်ကကွာဟ
ဘယ်အရာမှ မင်းလောက်မကျ ပဒါန
အချစ်ရှိရင် ပြီးပြည့်စုံ ဒါကမှ ထာဝရ
အတက်နဲ့အကျ ဘဝကဘယ့်နဲ့မှ
မတည်မြဲဘူး ဆိုသော်လည်း
မင်းရှိတော့ စိတ်ဓာတ်မကျ
နေ့စဉ်နှုတ်ဆက်ရတဲ့ ညနေခင်းမှ အစ
မနက်လင်းအထိ လွမ်းနေမယ်
အမြဲသတိတရ
အတွင်းသိ အဆင်းသိ
မင်းနဲ့ငါကတော့ ချစ်သူအရင်းကြီး
အတင်းကြီး မင်း၏
အကောင်းတွေပြောလည်း အားလုံးအချည်းအနှီး
ဒီမှာ သူငယ်ချင်းကြီး
ကြိုပြောမယ်ကွာနော် sorry
ငါ့ချစ်သူမကောင်းဘူးပြောရင်
စိတ်ဆိုးမှာနော် heavy
နေချင်ပါတယ် နင့် ဘေးနားမှာ
ရှောင်ဖယ်ကာ ထွက်ပြေးမသွားပါ
မေးခွန်းလေးတစ်ခု ထပ်မေးမယ်
နင်လေချစ်လား ဖြေပါ
စာနာကာ ကူပေးသွားမှာ
ငါဟာလေ နင့်ရည်းစားပါ
မင်းဘက်က ငါ့ရဲ့အချစ်ကို
ယုံကြည်ရဲ့လား
အာဒံဟာ မင်းမဟုတ်သလို
ဧဝဟာ ငါမဟုတ်ပါ
သို့သော် မင်းနဲ့ငါ
အချစ်တို့ကို တွေ့ပြီ
ဧဒင်ကပန်းသီးကို
တို့နှစ်ယောက် ခူးယူမစားပါ
သို့သော် မင်းနဲ့ငါ
အချစ်တို့ကို တွေ့ပြီ (ရေး)
မင်းရဲ့အချစ်ကိုရဖို့ ဒုက္ခတွေလည်း ခံရပါတယ်
ဘာတွေဖြစ်ဖြစ် မင်းကြိုက်အောင်တော့ ငါ့မှာဖန်ရမှာပဲ
ဒီလိုဟန်မကျပါတဲ့ ငါ့အတွက်တော့ ပျံကျတာပဲ
မင်းငါ့ကိုသဘောကျအောင်
ဘယ်လိုမျိုး ငါဖန်ရမှာလဲ
နေ့စဉ်ရက်ဆက် မင်းငါ့ကိုစမ်းသပ်
စိတ်ဆိုးအောင် အကန်းတက်
တစ်ခါတစ်လေ သူရက်စက်
ဒီလို တစ်ရက်၊ နှစ်ရက်
စကားမပြောဘဲ အဆက်ဖြတ်
နောက်ထပ် နောက်ထပ်
ထပ်မပြတ်နိုင်တော့လည်း ဖုန်းဆက်
ငါ့ကိုတလွဲကြီးလို့ ပြောကြတယ် ဝိုင်းဆဲပြီး
အခုလိုသွားဖြဲကြီးနဲ့ မင်းနောက်ကိုလိုက်တဲ့ ငနဲကြီး
ဘော်ဒါတိုင်းလည်း သိ
အို လူတိုင်းလည်း မရှိ
ဟုတ်တယ် ဒီငနဲကမင်းကိုချစ်တာ
အနှိုင်းမဲ့ အမိ
စဉ်းစားရင်းအတွေးများနဲ့
ငါ psycho ဖောက်လာ
(ငါ psycho ဖောက်လာတယ်)
မင်းနဲ့အခု ဝေးသွားရမှာ
ငါသေအောင်ကြောက်တာ
(ဒါ ငါအကြောက်ဆုံးပဲ)
မင်းအတွက်တော့ အမြဲတမ်းရှိမယ့်
သူ့ရင်ခွင်အောက်မှာ
ကြာရင် ရင်ခုန်သံတွေ နီးလာမယ်
အသက်တွေ ဒီထက်ပိုကြီးလာမယ်
မင်းကို ချစ်ပါမယ်
အာဒံဟာ မင်းမဟုတ်သလို
ဧဝဟာ ငါမဟုတ်ပါ
သို့သော် မင်းနဲ့ငါ
အချစ်တို့ကို တွေ့ပြီ
ဧဒင်က ပန်းသီးကို
တို့နှစ်ယောက် ခူးယူမစားပါ
သို့သော် မင်းနဲ့ငါ
အချစ်တို့ကို တွေ့ပြီ (ရေး)
Поcмотреть все песни артиста
Другие альбомы исполнителя