L Lun Wah - A Chit Myat Woon текст песни 
      Исполнитель: 
      L Lun Wah
      
      альбом: A Chit Myat Woon
      
  
        
      
  
  
      
      
      အကြိမ်ကြိမ်ရင်ခုန်မိသော မင်းမျက်ဝန်း
အာရုံမှာငြိတဲ့မျက်ဝန်း
မင်းရဲ့အကြည့်မှာမျောနေခဲ့
မင်းရဲ့ မင်းရဲ့ အချစ်မျက်ဝန်း
ကျိန်စာအလား ရပ်မသွားတဲ့ခံစားချက်ပေါင်းများစွာနဲ့
စူးရှတဲ့မျက်ဝန်းတစ်စုံ မင်းချန်ခဲ့
မူမပိုင်တဲ့မျက်ဝန်းအတွက် ကြိတ်ပြီးရူးခဲ့ရပေမယ့်
နှုတ်ဆက်မယ့် ဒီနှုတ်ခမ်းတွေ တွေးပူနေ
ဟန်မဆောင်တဲ့အချစ်တွေနဲ့ ရင်ထဲကစောင့်မျှော်ခဲ့
ဖွင့်ပြောခဲ့ချင်ပေမယ့်
မသေချာတဲ့အချစ်တွေနဲ့ ပစ်သွားမလားစိုးရိမ်ခဲ့
မျက်ဝန်းနဲ့ ပြောနေမိခဲ့
အကြိမ်ကြိမ်ရင်ခုန်မိသော မင်းမျက်ဝန်း (မင်းရဲ့မျက်ဝန်း)
အာရုံမှာငြိတဲ့မျက်ဝန်း
မင်းရဲ့အကြည့်မှာမျောနေခဲ့ (ဟာ ဟာ)
နေ့တွေညတွေမှားသွားခဲ့
ချိုမြိန်သာယာလေသော မင်းမျက်ဝန်း (မင်းရဲ့မျက်ဝန်း)
ရင်မှာနှောင်ကြိုးဖွဲ့မျက်ဝန်း
မင်းရဲ့အကြည့်မှာမျောနေခဲ့ (ဟာ ဟာ)
မင်းရဲ့ မင်းရဲ့ အချစ်မျက်ဝန်း
ဘယ်လောက်ပဲ တို့ဝေးပါစေ
တစ်ချက်လေးစောင်းငဲ့ကြည့်ရုံနဲ့ မျက်ခုံးအပင့်မှာ ဒီအလွမ်းတွေပုန်းကွယ်နေ
ချိုမြိန်တဲ့အချစ်စကားတွေ ဘယ်လိုပဲခဏခဏပြောချင်လည်း
မင်းအရှေ့မှာ အတောင်ကျိုးတဲ့ငှက်လိုပဲ
ဟန်မဆောင်တဲ့အချစ်တွေနဲ့ ရင်ထဲကစောင့်မျှော်ခဲ့
ဖွင့်ပြောခဲ့ချင်ပေမယ့်
မသေချာတဲ့အချစ်တွေနဲ့ ပစ်သွားမလားစိုးရိမ်ခဲ့
မျက်ဝန်းနဲ့ ပြောနေမိခဲ့
အကြိမ်ကြိမ်ရင်ခုန်မိသော မင်းမျက်ဝန်း (မင်းရဲ့မျက်ဝန်း)
အာရုံမှာငြိတဲ့မျက်ဝန်း
မင်းရဲ့အကြည့်မှာမျောနေခဲ့ (ဟာ ဟာ)
နေ့တွေညတွေမှားသွားခဲ့
ချိုမြိန်သာယာလေသော မင်းမျက်ဝန်း (မင်းရဲ့မျက်ဝန်း)
ရင်မှာနှောင်ကြိုးဖွဲ့မျက်ဝန်း
မင်းရဲ့အကြည့်မှာမျောနေခဲ့ (ဟာ ဟာ)
မင်းရဲ့ မင်းရဲ့
မျက်ဝန်းထဲက မိုးစက်လေးများမကျစေဖို့
ငါ့ရင်ထဲက ထစ်ချုန်းမိုးခြိမ်းသံကို
နင့်အတွက် တစ်သက်လုံးပဲ သိမ်းထားမယ်
အကြိမ်ကြိမ်ရင်ခုန်မိသော မင်းမျက်ဝန်း (မင်းရဲ့မျက်ဝန်း)
အာရုံမှာငြိတဲ့မျက်ဝန်း
မင်းရဲ့အကြည့်မှာမျောနေခဲ့ (ဟာ ဟာ)
နေ့တွေညတွေမှားသွားခဲ့
ချိုမြိန်သာယာလေသော မင်းမျက်ဝန်း (မင်းရဲ့မျက်ဝန်း)
ရင်မှာနှောင်ကြိုးဖွဲ့မျက်ဝန်း
မင်းရဲ့အကြည့်မှာမျောနေခဲ့ (ဟာ ဟာ)
မင်းရဲ့ မင်းရဲ့
အကြိမ်ကြိမ်ရင်ခုန်မိသော မင်းမျက်ဝန်း (မင်းရဲ့မျက်ဝန်း)
အာရုံမှာငြိတဲ့မျက်ဝန်း
မင်းရဲ့အကြည့်မှာမျောနေခဲ့ (ဟာ ဟာ)
မင်းရဲ့ မင်းရဲ့ အချစ်မျက်ဝန်း
      
      Поcмотреть все песни артиста
  
    
    
  
    
      Другие альбомы исполнителя