မလာနဲ့ မတားဆီးခဲ့သူ
မပြန်နဲ့ မပြောဘူးချစ်သူ
ကိုယ်ဟာဖွင့်လို့ထားတဲ့
တံခါးလေးတစ်ချပ်
အလွယ်တကူ မမုန်းတတ်ခဲ့ဘူး
အလွယ်တကူ မချစ်နဲ့ချစ်သူ
ကိုယ်ဟာ နှလုံးသားရှိသူ
မငိုချင်ခဲ့
ကိုယ်ပဲချစ်မိတာ မှားလား
ချစ်သူရေ မှားနေဦး
ဆက်ချစ်စမ်းပါရစေ ချစ်တဲ့သူလေး
သခင်ကြင်နာသူ မဖြစ်ခဲ့သူမို့
တကယ်ဆို အသည်းကွဲမြို့က
မင်း စွန့်ခွာနိုင်သူပါ
ဒီလိုအသည်းကွဲပြီးတော့
ကိုယ့်ရဲ့ကမ္ဘာ ပျက်ဆီးသွား
မဆုံခင်လမ်းခွဲရပြီ
ခုတော့လေကြေကွဲရ
တစ်ခါတစ်ရံ ချစ်တဲ့အချစ်များ
စိမ်းပြီလား
မလာနဲ့မတားဆီးခဲ့သူ
မပြန်နဲ့မပြောဘူးချစ်သူ
ကိုယ်ဟာပိတ်လို့မရတဲ့ တံခါးလေးပဲ
ဘာမှပြောင်းလဲ မရဘူး
တကယ်ဆို မင်းစွန့်သွားတဲ့
အသည်းနှလုံးမြို့ ပျက်ကြီးမှာ
နေသူပေါ့
တစ်ချိန်က မိုးကြိုးလို အပြစ်ရှာ
အိပ်မက်ထိ ချစ်ရသူလေး
ကိုယ့်ရဲ့ အသည်းနဲ့သွေးတွေ
ကျွမ်းရစ်ခဲ့ပြီမို့
သခင်မကြင်နာသူ ကိုယ့်ဘဝကိုမေ့
တကယ်ဆို အသည်းကွဲမြို့က
မင်း စွန့်ခွာနိုင်သူပါ
ဒီလိုအသည်းကွဲပြီးတော့
ကိုယ့်ရဲ့ကမ္ဘာ ပျက်ဆီးသွား
မဆုံခင်လမ်းခွဲရပြီ
ခုတော့လေ ကြေကွဲရ
တစ်ခါတစ်ရံ ချစ်တဲ့အချစ်များ
စိမ်းပြီလား
အိပ်မက်လားဟေ့
အရင်လိုအချစ်များနဲ့
ပွေ့ဖက်ထားချင်လဲ
အကြင်နာ စိမ်းကားတဲ့
သူ့ရဲ့အချစ်လေး
တကယ်ကို ထိန်းချုပ်ခွင့်မဲ့
လွင့်ပျက်တော့မယ်
လေနှင်ခဲ့သူရေ အိပ်မက်ချစ်သူလေးရေ
Поcмотреть все песни артиста
Другие альбомы исполнителя