Khin Maung Toe - Lwann текст песни
Исполнитель:
Khin Maung Toe
альбом: A Kaung Sone Tay Myar
လွမ်း
ရင်ထဲလှိုက်လို့အတိတ်ကိုလွမ်း
လွမ်း
ရင်ထဲရှိတဲ့ဒီဇာတ်လမ်း
နွေရာသီရွက်ကြွေမြေပေါ်
ပြေးလွှားလို့နေစဉ်မှာ
သူတစ်ယောက်ကို
သတိရနဲ့ တမ်းတလို့
လွမ်းမိတယ်လေ
ထိုစဉ်အချိန်နွေအခါ
သူရယ်တို့နှစ်ဦး
ရင်းနှီးလို့ ပညာရှာရင်းနဲ့
ကျောင်းကြီးရဲ့အရိပ်အောက်မှာ
ချစ်ကြသူတွေအဖြစ်ရောက်ရှိခဲ့ကြတယ်
သိပ်ချစ်သူတွေလို့အများကသတ်မှတ်ခဲ့တယ် ငယ်စဉ်ဟိုတစ်ချိန်ကတို့ရဲ့ဘဝ
အတိတ်ဒီဇာတ်အလွမ်း
လွမ်း
ရင်ထဲလှိုက်လို့အတိတ်ကိုလွမ်း
လွမ်း
ရင်ထဲရှိတဲ့ဒီဇာတ်လမ်း
ပြန်မြင်ယောင်သေးတဲ့
နွေလေရူးတိုက်ခတ်လို့နေစဉ်မှာ
သူအကြောင်းကိုတွေးတောရင်း
လွမ်းရတဲ့နေတစ်ရက်ပါလေ
ဟိုစဉ်အချိန်နွေအခါ
သူရယ်တို့နှစ်ဦးရောက်ခဲ့တယ်
အတူတူလျှောက်ဖူးတဲ့
လမ်းလေးရဲ့ဘေးတစ်ဖက်မှာ
ပန်းကလေးတွေ အရင်အတိုင်း
ဖူးပွင့်လျှက်
ပဲမို့တို့ရဲ့ရင်ခွင်ထဲ
လွမ်းရတဲ့စိတ်ကြောင့်လေ
ပြန်မြင်ယောင်ကာနေဆဲ
လွမ်းရသူအချစ်ပုံရိပ်များ
လွမ်း
ရင်ထဲလှိုက်လို့အတိတ်ကိုလွမ်း
လွမ်း
ရင်ထဲရှိတဲ့ဒီဇာတ်လမ်းလွမ်း
ရင်ထဲလှိုက်လို့သိပ်ကိုလွမ်း
အလွမ်း
Поcмотреть все песни артиста
Другие альбомы исполнителя