ကိုယ်အဖို့ပဲဆို ကံကိုပဲ အားကိုးလို့နေချင်ကြ
ကိုယ့်ချစ်သူအတွက်မှ ကြိုးစားမယ့် လူရဲ့သဘော
လောကရဲ့အစဉ်အလာတစ်ခုပါ
ဘုရားရှင်တောင်မှ ပါရမီဖြည့်သူရှိမှ ပွင့်ရတာပဲ
ကိုယ့်လိုလူမှာ မင်းမရှိရင် ဘယ်ဖြစ်လိမ့်မလဲ
♪
ရောင်ပြန်ဟပ်မှ တောက်ပမယ့်အလင်း
ပဲ့တင်ထပ်မှ အားရှိမယ့်အသံ
ကိုယ့်ဘဝဟာ အဖော်မွန်ရှိမှ ဖြစ်မှာ
ချစ်သူပျော်ရင် ကိုယ်လေ နှစ်ဆ ပိုပြီးတော့ဝမ်းမြောက်သလိုပဲ
ချစ်သူငိုရင် ကိုယ့်ဘဝရဲ့ကမ္ဘာပျက်ခြင်းပါ
♪
ကိုယ်တိုင်အစက ကြောက်တတ်သူတောင်
ချစ်သူထိတော့ ရဲတတ်ကြတယ်
သတ္တိတွေ ဘယ်ကရလဲ မသိဘူး
ချစ်တယ်ဆိုရုံ ဘယ်လုံလောက်မလဲ မင်းနဲ့ပတ်သက်လာရင်
ဝိညာဉ် ခန္ဓာ နှစ်ခုလုံးရဲ့ညီမျှခြင်းပါ
♪
ရောင်ပြန်ဟပ်မှ တောက်ပမယ့်အလင်း
ပဲ့တင်ထပ်မှ အားရှိမယ့်အသံ
ကိုယ့်ဘဝဟာ အဖော်မွန်ရှိမှ ဖြစ်မှာ
ဘုရားရှင်တောင်မှ ပါရမီဖြည့်သူရှိမှ ပွင့်ရတာပဲ
ကိုယ့်လိုလူမှာ မင်းမရှိရင် ဘယ်ဖြစ်လိမ့်မလဲ
Поcмотреть все песни артиста
Другие альбомы исполнителя