Sai Htee Saing - Nge Chit текст песни
Исполнитель:
Sai Htee Saing
альбом: A Kaung Takar A Kaung Sone Tay Myar 4
ပြတင်းပေါက်မှာနားခဲ့တဲ့ ငှက်ကလေးရယ်
နှလုံးသားက ငါ့စကားကို မင်းနားမလည်
မင်းသိတာ မင်းဘဝရဲ့မိုးကောင်းကင်
မင်းမသိတာ ဘဝပျက်ရဲ့ဟင်းလင်းပြင်
အချစ်ဆုံးသူ့အစွန့်ပစ်ခံ
တဝက်ထဲသမား တကယ့်အထီးကျန်ဆန်
ကိုယ်ပါပဲလေ
အမိုက်ဆုံးမို့ ဆက်ချစ်နေ
ထွက်သက်တို့ အပြီးသတ်သည်အထိ
ကိုယ်ပါပဲဟေ့
ခန်းစီးကိုတိုက်ခတ်တဲ့ လောကလေ
နှလုံးသားနာ ဆတ်ဆတ်ခါသွားပါလေ့စေ
ငါ့အဖြစ်သာ အစကတည်းက မင်းသိရင်
မင်းမျက်ရည်ကျမတတ်အောင် မင်း သနားမယ်
အလှအပနောက်လိုက်မိတော့
အစရှိပြီး အဆုံးမရှိတဲ့ခရီး ဝင်္ကပါထဲမှာ
အခုတော့ သူ တခြားတစ်ဖက်မှာ
နောက်တစ်ယောက်တွေ ဘယ်လောက်ထပ်နေပလဲ
ရေနိုင်ဦးမလား
ငယ်ချစ် ငယ်ချစ် ငယ်ချစ်မို့ မေ့မရနိင်ပါ
ငယ်ချစ် ငယ်ချစ် ငယ်ချစ်မို့ နှစ်ပေါင်းတစ်ရာမက
ငယ်ချစ် ငယ်ချစ် ငယ်ချစ်အတွက် သီချင်းတစ်ပုဒ်ကိုပါး
ငယ်ချစ် ငယ်ချစ် ငယ်ချစ်ရေ မင်း နားထောင်မလား
♪
ခန်းစီးကိုတိုက်ခတ်တဲ့ လောကလေ
နှလုံးသားနာ ဆတ်ဆတ်ခါသွားပါလေ့စေ
ငါ့အဖြစ်သာ အစကတည်းက မင်းသိရင်
မင်းမျက်ရည်ကျမတတ်အောင် မင်း သနားမယ်
အလှအပနောက်လိုက်မိတော့
အစရှိပြီး အဆုံးမရှိတဲ့ခရီး ဝင်္ကပါထဲမှာ
အခုတော့ သူ တခြားတစ်ဖက်မှာ
နောက်တစ်ယောက်တွေ ဘယ်လောက်ထပ်နေပလဲ
ရေနိုင်ဦးမလား
ကိုင်းကြားက လရိပ်နဲ့တိတ်တိတ်သာ
အိပ်မက်ထဲ မင်းအကြောင်းပဲ ထပ်ဖြစ်လာ
အဝေးသွားတဲ့အတွေးစများ မောင်းမထုတ်သာ
ရင်းပြီးရင် ရင်းနှီးတဲ့ အချစ်မီးဖြာ
တွေ့တုန်းက ကျိုးပမ်းရင် ခုလောက်ရှိ မိပြီးပြီပေါ့
ဘာလိုသေးလဲ
ခုများတော့ လက်နှေးလို့ လွတ်ပြီးမှ ငါးကြီးတာနော်
တစ်ခါ ငိုဦးမလား
ငယ်ချစ် ငယ်ချစ် ငယ်ချစ်မို့ မေ့မရနိင်ပါ
ငယ်ချစ် ငယ်ချစ် ငယ်ချစ်မို့ နှစ်ပေါင်းတစ်ရာမက
ငယ်ချစ် ငယ်ချစ် ငယ်ချစ်အတွက် သီချင်းတစ်ပုဒ်ကိုပါး
ငယ်ချစ် ငယ်ချစ် ငယ်ချစ်ရေ မင်း နားထောင်မလား
ငယ်ချစ် ငယ်ချစ် ငယ်ချစ်မို့ မေ့မရနိင်ပါ
ငယ်ချစ် ငယ်ချစ် ငယ်ချစ်မို့ နှစ်ပေါင်းတစ်ရာမက
Поcмотреть все песни артиста
Другие альбомы исполнителя