အကြင်နာတွေပေးတိုင်း
အကြင်နာ ပြန်ရမယ် ယုံမှတ်ပြီး
အရာရာပုံပြီးပေး
ဒါဟာ ကိုယ့်အမှားပဲ
ကြုံဖူးပြီ
ထာဝစဉ် သိပ်ချစ်တတ်လို့ မှားတတ်သူမှာ
ရင်ခုန်သင်ရိုးညွှန်းတမ်းက
ဒဏ်ရာသင်ခန်းစာပဲကွယ်
ဟိုစဉ် ဘဝရဲ့ကျောင်းထဲ အချစ်ဖတ်စာကို
အသေအချာ မကြေညက်ခဲ့တော့လည်း
ဒဏ်ရာတွေပဲ ကိုယ့်ရတယ်
မှားပြန်တယ်...
♪
ပညာအစုံသုံးလို့
အရည်ပျော်အောင် ကိုယ့်ကို ပြုစားတယ်
ဝေဒနာပေးပြီး
မဆုံနိုင်တဲ့ အဝေးဆီ
ထွက်သွားတယ်
ဟိုစဉ် ဘဝရဲ့ကျောင်းထဲ အချစ်ဖတ်စာကို
အသေအချာ မကြေညက်ခဲ့တော့လည်း
ဒဏ်ရာတွေပဲ ကိုယ့်ရခဲ့
ထာဝစဉ် သိပ်ချစ်တတ်လို့ မှားတတ်သူမှာ
ရင်ခုန်သင်ရိုးညွှန်းတမ်းက
ဒဏ်ရာသင်ခန်းစာတဲ့ကွယ်
မှားပြန်တယ်...
♪
ထာဝစဉ် သိပ်ချစ်တတ်လို့ မှားတတ်သူမှာ
ရင်ခုန်သင်ရိုးညွှန်းတမ်းက
ဒဏ်ရာသင်ခန်းစာပဲကွယ်
ဟိုစဉ် ဘဝရဲ့ကျောင်းထဲ အချစ်ဖတ်စာကို
အသေအချာ မကြေညက်ခဲ့တော့လည်း
ဒဏ်ရာတွေပဲ ကိုယ့်ရခဲ့
မှားပြန်တယ်
မှားပြန်ခဲ့...
Поcмотреть все песни артиста
Другие альбомы исполнителя