Kishore Kumar Hits

Kying Lian Moong - A Chain Mi текст песни

Исполнитель: Kying Lian Moong

альбом: Lord Is Always There


ငါ့ရဲ့ဘဝက သစ်ပင်အိုလေးလား အခါခါယိုင်နဲ့လို့
စိမ်းလန်းခြင်းနဲ့ အရိပ်ယောင်တွေ ကင်းမဲ့တယ် ကိုယ်တော်နဲ့ဝေးရင်
မရှင်သန်နိုင်ဘူး သိပေမယ့် အကြိမ်ကြိမ်လွတ်ထွက် စိတ်တွေရယ်
ငါ့ဝိညာဉ် မတည်ငြိမ်နိုင်သေးဘူး
စိတ်ရဲ့ထွက်ပေါက်တစ်ခုပါ ငါပြောပြီး အကြိမ်ကြိမ်ဆက်မှားမိ
ဘုရားရဲ့ အချစ်မေ့ပစ်ကာ တစ်ယောက်ထဲဘဝမှာ အရာရာယိုယွင်းလဲ
ခိုင်မာနေတဲ့ နှလုံးအိမ်ရယ် မာယာများတဲ့ ဦးနှောက်နဲ့
ဟိုးအဝေးမှာ လွင့်မျောဆဲ
အနီးနားရှိနေသူ အဆုံးမဲ့ချစ်သူ
မေ့ပစ်ကာ သင်ရှောင်ခွာထွက်ပြေးလဲ
သူလေချစ်နေဆဲ ဖေးမဆဲ
အသက်ပေးခဲ့အချစ်များသက်သေ
တစ်နေ့နေ့ မင်းသိခဲ့ရင် အချိန်မီလှမ်းခဲ့လေ

စိတ်ရဲ့ထွက်ပေါက်တစ်ခုပါ ငါပြောပြီး အကြိမ်ကြိမ်ဆက်မှားမိ
ဘုရားရဲ့ အချစ်မေ့ပစ်ကာ တစ်ယောက်ထဲဘဝမှာ အရာရာယိုယွင်းလဲ
ခိုင်မာနေတဲ့ နှလုံးအိမ်ရယ် မာယာများတဲ့ ဦးနှောက်နဲ့
ဟိုးအဝေးမှာ လွင့်မျောဆဲ
မေ့ပစ်လိုက်မှာလား သခင့်ရဲ့မေတ္တာများ
သူ့ရဲ့အချစ်တွေက ထာဝရ
အနီးနားရှိနေသူ အဆုံးမဲ့ချစ်သူ
မေ့ပစ်ကာ သင်ရှောင်ခွာထွက်ပြေးလဲ
သူလေချစ်နေဆဲ ဖေးမဆဲ
အသက်ပေးခဲ့အချစ်များသက်သေ
တစ်နေ့နေ့ မင်းသိခဲ့ရင် အချိန်မီလှမ်းခဲ့လေ
အနီးနားရှိနေသူ အဆုံးမဲ့ချစ်သူ
မေ့ပစ်ကာ သင်ရှောင်ခွာထွက်ပြေးလဲ
သူလေချစ်နေဆဲ ဖေးမဆဲ
အသက်ပေးခဲ့အချစ်များသက်သေ
တစ်နေ့နေ့ မင်းသိခဲ့ရင်
တစ်နေ့နေ့ မင်းသိခဲ့ရင် အချိန်မီလှမ်းခဲ့လေ

Поcмотреть все песни артиста

Другие альбомы исполнителя

Похожие исполнители

J+me

Исполнитель